ရူးသွပ်ခြင်း

မာယာတွေနဲ့ ငါ့အချစ်ကို နင်ဖန်ဆင်းတယ် အသည်းကွဲသီချင်းထဲ
မင်းက ငါ့ကို ပစ်ထားခဲ့ အဖြူရောင်အကြင်နာတွေ ရင်ကိုဖျက်ဆီးပြီး
ရက်စက်တတ်တဲ့ အိပ်မက်ဆိုးတွေ မင်းပေးထားခဲ့ပြီး
သိပ်ချစ်ခဲ့ငါ့အချစ်များကိုတော့ နင်မေ့ထားခဲ့တယ်

ငါအလိုအပ်ဆုံး မင်းအတွက်လေ ကြေကွဲနေ အဆိုးဆုံး လှည့်ကွက်များနဲ့
ငါ့ကို လောင်ကျွမ်းနေ ဒါဏ်ရာဆိုတာတွေ ငါ မေ့ထားခဲ့လည်း
ရူးသွပ်တတ်တဲ့ လျှို့ဝှက်တံခါးတွေ မင်းဖွင့်ခဲ့တော့လေ
စွဲလန်းတဲ့ ငါ့အချစ်များစွာနဲ့ ငါ ချစ်ထားခဲ့တယ်

ငါ လုံးဝမမေ့နိုင်ခဲ့ ရင်တွေခုန်ဆဲပဲ မင်းအတွက်ငါ့ရဲ့ အမုန်းမဲ့ အချစ်တွေနဲ့အတူ
အသည်းကွဲနေ့ရက်များ ရင်ဆိုင်နေဆဲပဲ ဝေးလွင့်ခြင်းခြေရာတွေ နင်ပေးသွားလည်း

အဖြစ်အပျက်များ ဘယ်လိုမေ့လို့ရနိုင်မလဲ ဒီမှာလေ ငါ့အချစ်တွေ လမ်းပြပါဦး
မင်းမုန်းသွားခဲ့ရင်တော့ အချစ်ဆိပ်သင့်ပြီပေါ့ တစ်ယောက်တည်း ဒီလိုရူးသွပ်ခဲ့

ပူလောင်နေတဲ့ အရိပ်မဲ့ဘ၀မှာ ငါတစ်ယောက်တည်း မြို့ပျက်ကြီးလို
ငါ့ရဲ့ အချစ်တွေ ပျက်စီးလည်း ဘယ်လိုတားဆီးမလဲ
ကိုယ်မမေ့သေးဘူး ဆိုးလွန်းလှတဲ့ မင်းချစ်ခြင်းတွေ ခါးသီးလွန်းခဲ့လည်း
သိပ်ချစ်ခဲ့တဲ့ ငါ့အချစ်များစွာနဲ့ တစ်ယောက်တည်း ရှင်သန်ခြင်းပဲ
ငါနေချင်တယ် အမုန်းမဲ့အချစ်များနဲ့ ငါချစ်သွားဦးမယ်

ဟိုစဉ်အချစ်အကြောင်းများ ငါရင်မှာမမေ့သေးလည်း ဝေးသွားတဲ့မင်းအတွက်
ငါ့ရဲ့ အချစ်တွေနဲ့အတူ ဒီမှာငါတစ်ယောက်တည်း အကြင်နာပျောက်ဆုံးဆဲ
လမ်းခွဲထားရစ်ခဲ့တဲ့ မင်းကို ဆက်ချစ်သွားမယ် ငါရူးခဲ့ မင်းကို ဆက်ချစ်သွားမယ်

မာတိကာ သို့ .....