ပြတိုက်ထဲကအရုပ်

ဒယ်ဒီ ... ကျွန်တော်အရုပ်မလေး ဘယ်ရောက်နေ
ဒီလို မေးတိုင်း ခေါင်းပဲ ခါပြနေ
ဘာကြောင့်မို့ ကျွန်တော့် အရုပ်မလေးကို ဒယ်ဒီ ပြတိုက်ပို့ပစ်တာလဲဆို
အရုပ်ကလေးတစ်ရုပ်တော့ ပြတိုက်ရောက်သွားပြီ
လူတွေအားလုံး ၀ိုင်းကြည့်ကုန်ကြပြီ
ပိုင်ရှင်ကို ဘယ်သူမှမသိ ငါမြင်ကာ ရင်နင့်မိ
အရုပ်ကလေးတစ်ရုပ်တော့ ပြတိုက်ရောက်သွားပြီ
ကျွန်တော် ဒီလောက်ချစ်တတ်မှန်း ဒယ်ဒီသိတယ်
ဘာကြောင့် လုပ်ရက်ခဲ့မှန်း ကျွန်တော် နားမလည်
ကျွန်တော်တစ်ယောက်တည်း ချစ်ခဲ့တဲ့ အရုပ်ကို
လူတွေအားလုံး ၀ိုင်းကြည့်ကုန်ကြပြီ
ပိုင်ရှင်ကို ဘယ်သူမှမသိ ငါတွေးရင်း ရင်နင့်မိ

မာတိကာ သို့ .....