ခွဲခွာချိန်

ဒါနောက်ဆုံးလို့ တို့တွေ နှုတ်ဆက်ကြချိန်
အို ... အိပ်မက်တစ်ခု တစ်စစီ လွင့်ထွက်ကွဲကြေ
ငြိမ်သက်ခြင်းများ တို့နှစ်ဦးကြား မြစ်တစ်ခုအလား တို့ဝေးပြီ မေ
မျှော်လင့်ခြင်းများ အသက်ဝင် နိုးထမှုတွေ
အမှောင်ထုကြားထဲ ခရီးနှင် အားတင်းသမျှတွေ
ခံနိုင်စွမ်းမဲ့ အနိုင်ယူခြင်းကြောင့် ရှုံးနိမ့်သွား

အချစ်က မီးလား ငါ့ဘ၀ မှားယွင်းသွား
သီချင်းလေး ပန်းလား လွင့်ထွက်ကြွေကျ

အားလုံးအဆုံးသတ်ခဲ့ရပြီ အားလုံး အဆုံးသတ်ခဲ့ရပြီ
အားလုံး နုတ်ထွက်ခဲ့ရပြီး ဒါ နောက်ဆုံးပဲ

ပြန်လိုချင်တယ် ချိုမြိန်သော အဆိပ်
မရရှိတော့တဲ့ ဒါနောက်ဆုံးပဲ
နံရံတွေသာ ကာရံတာဆီး
ရွှေရောင်ကမ္ဘာဟာ ပျက်စီးဆဲ ... ရေး

မာတိကာ သို့ .....