ပြဇာတ်မဟုတ်သော ပြဇာတ်

မခိုင်းဘဲနှိုးတဲ့ ငှက်မျိုးစုံ
မပြောဘဲရောက်တဲ့ အာရုဏ်ဦး
မထွန်းဘဲလင်းတဲ့ နေမင်းနဲ့
မခေါ်ဘဲရောက်တဲ့ မနက်ခင်းမှာ
မခိုင်းဘဲရေးတဲ့ စာတစ်မျက်နှာ
မပြောဘဲကြားမဲ့ ဘာသာစကား
မရင်းနှီးသေးတဲ့ ကောင်မလေးအတွက်
မခေါ်ဘဲရောက်ခဲ့ သူ့အနားကို
လေပြေညှင်းလည်း မတိုက်ခတ်ပါ
တေးသံချိုချို မပံျ့လွင့်ပါ
လက်ခုပ်တီးသူ လူမရှိပါ
တကယ်လည်း ပြဇာတ် မဆန်ခဲ့ပါ
မဆွဲဘဲရတဲ့ ပန်းချီကားမှာ
မဆိုးဘဲရဲတဲ့ ဒီနှုတ်ခမ်းများ
မတောင်းဘဲပြည့်တဲ့ ဆုတောင်းနဲ့
မပြင်လည်းလှတဲ့ နတ်သမီးရယ်
မကမ်းမဲ့လက်တစ်ဖက် မျှော်လင့်သူ
မသွားမဲ့လမ်းကို ကြိုဖောက်ပြီး
မပြီးဘဲကားချ ဇာတ်သိမ်းတော့
မနှင်ဘဲနောက်လှည့် ပြန်ခဲ့ပြီ
လေပြေညှင်းလည်း မတိုက်ခတ်ပါ
တေးသံချိုချို မပံျ့လွင့်ပါ
လက်ခုပ်တီးသူ လူမရှိပါ
တကယ်လည်း ပြဇာတ် မဆန်ခဲ့ပါ
မတောင်းဘဲပေးတဲ့ စာတစ်မျက်နှာ
မမေးဘဲပြောတဲ့ သင်္ကေတ
မဖတ်ဖို့ ဖွင့်တဲ့ စာတစ်အိတ်ဟာ
မမြင်လည်း သိမဲ့ အမှတ်အသားပါ…

Typed by ထူးမြတ်
မာတိကာ သို့ .....