အနားမှာရှိရင်

အချိန်တန်လာတော့ နေသာမှာပေါ့ နာစရာရှိရင် အလွမ်းတွေ ကိုယ်စား
တွေးကြည့်လိုက်ပါ ဖြေသာနိုင်မယ် လူတွေ ပြောကြပေမယ့်

ငါမြင်ယောင်ဆဲ အနီရောင်ခြယ်တဲ့ အငိုမျက်လုံးတွေ
မှတ်ထင်ကျန်ဆဲ အခုတော့လည်းလေ တစ်မြေစီရယ်ပါ အို ... တို့ဝေးခဲ့ပြီ

အချစ်စိတ်တစ်ခုက ပြောင်းလဲနိုင်တယ်
ဘယ်သူမှားတယ် ပြန်တွေးရုံနဲ့ မငြိမ်းချမ်းနိုင်ဘူး
စဉ်းစားလိုက်တိုင်း နာကျင်တာ ငါ့တစ်ယောက်တည်း

မဖြေနိုင်အောင် တမ်းတတယ် မင်းအရိပ်တွေနေ့တိုင်း
ရင်ခွင်မှာ မင်းတစ်ယောက်သာ အခုထိရှင်သန်ဆဲ
အရာရာ နင် ပျော်ရွှင်နိုင်အောင် ငါ ပေးဆပ်ချင်ရဲ့
မင်းသာ ငါ့အနား ရှိခဲ့ရင်

မဖြေနိုင်အောင် တမ်းတတယ် မင်းအပြုံးတွေ ညတိုင်း
ရင်ခွင်မှာ အလွမ်းပွင့်တွေ နွေးထွေးရှင်သန်ဆဲ
ဟိုအရင် နာကျင်တာတွေ ဖြေသိမ့်ပေးချင်ရဲ့
မင်းသာ ငါ့အနားရှိခဲ့ရင်လေ

ဟို ... အို ... အို ... မဖြေနိုင်အောင် တမ်းတတယ်
မင်းအနမ်းတွေ ညတိုင်းအခုထိ
ရင်ခွင်မှာ မင်းတစ်ယောက်သာ ရှင်သန်ဆဲပဲအချစ်
ဟိုအရင် နာကျင်တာတွေ ဖြေသိမ့်ပေးချင်ရဲ့
မင်းသာ ငါ့အနားရှိခဲ့ရင်လေ

မာတိကာ သို့ .....