ထောင်ချောက်

သံစဉ် - မောင်မောင်ဇော်လတ်

မှော်ဝင်နေတဲ့ မင်းအလှတွေ အားလုံး သေရည်တစ်ခွက်လား မူးနေပြီ
မာယာအပြည့်အဆိပ်နဲ့ နှုတ်ခမ်းများ တိမ်လိုလှည့်ဖြား ရူးနေပြီ

မယုံနိုင်အောင် ဖမ်းစားခဲ့ မိုက်မဲစွာ ငါ့ဘ၀ တိုးဝင်လိုက်
ပူလောင်ပြီ တပ်မက်ခြင်းရယ်

မင်းအရိပ်ဆိုးများက ထိန်းချုပ်လို့မရ
မင်းလှိုက်စားခြင်းက ထိန်းချုပ်လို့မရ
မင်းကမ္ဘာလေးထဲက လှည့်ထွက်လို့
ငါ့ဘ၀ ထိန်းချုပ်လို့ရ

ရောင်စုံခြယ်တဲ့ မင်းစကားလုံးတွေအားလုံး
ရင်ခုန်အောင် မင်းကစားနေပြီ
ရီဝေစွာ ညှို့တတ်တဲ့ မျက်ဝန်းများ
သံစဉ်တစ်ခုလား မှားနေပြီ

မာတိကာ သို့ .....