အတောင်ပံတွေ

စိတ်တွေ ရွက်လွင့် ဒီလိုညမျိုး အချိန်ဟာ ဘယ်သူ့အတွက် ပြီးဆုံးတယ်
အတွေးတွေ ပျက်လို့ နာရီတွေထဲ ရွေ့လျားမယ့် စက္ကန့်ရယ်
ရင်ခုန်ခဲ့ဖူးတဲ့ အချိန်များထဲ ဖြတ်သန်းကျော်လွန်ခဲ့နေ့ရက်

သိပ်ကို မွန်းကျပ် ဒီနေရာထဲ ဘယ်ကိုလှည့်လှည့် မင်းမရှိတယ်
တစ်ယောက်တစ်နယ်ဝေးတဲ့ ဒီမြေပြင်အထက် ကိုယ်ဘယ်လိုရပ်ဖို့ အားရှိမလဲ
အတူ ပျော်ရွှင်ပါရစေ အခွင့်အရေးရယ် လွင့်မျောနေတဲ့ အိပ်မက်အလယ်
တစ်ယောက်တည်း .....

အတောင်ပံတွေကို လွှင့်လို့ရယ် ဝေဟင်ပေါ်ကို ပြေးထွက်မယ်
တောင်တွေကျော်ကာ မိုးသားထဲ အိုး ...
ကိုယ်လေ ရှာမယ် အတွေးများအလယ်
အတောင်ပံတွေကို လွှင့်လို့ရယ် ကိုယ်နေချင်တာ မင်းအနားပဲ
ကြယ်တွေစုံကာ ညရဲ့အလယ် အိုး ...
မမြင်နိုင်မှာကို စိုးမိတယ်

စိတ်တွေသွားတိုင်း ကိုယ်မပါနိုင်တယ် ဒီအခက်အခဲကြား ရုန်းထွက်မယ်
ငှက်လို ရွက်လွှင့် ဝေဟင်တစ်ခုလုံး ကိုယ်လေ မမောတမ်း ခရီးဆက်မယ်
ကြင်နာရောင် သန်းတဲ့ တိမ်တိုက်တွေ သူလည်းရှာနေလား မသိတယ်
အိုး ဟိုး ....... အိုး .....

မာတိကာ သို့ .....