ညလူ

အလင်းကိုရှောင်ခွာ နေထိုင်ရင်း နေ့မှာ အိပ်စက်နေတတ်ခဲ့ပြီ
အမှောင်ကို စောင်လိုခြုံရင်း ညကို နှစ်သက် ကျေနပ်ခဲ့ပြီလေ
အရုပ်ဆိုးလွန်းတဲ့ အတိတ်တွေ နေလောင်ခြောက်သွေ့နေတဲ့
စိတ်တွေ ရှည်လျားလွန်းတဲ့ အရိပ်တွေ ခွာယူချွတ်ပစ်ဖို့ အားထုတ်ရင်း

ကျောက်ဆောင်တွေလို ငြိမ်သက်ရင်း အမြင့်မှာ ပွင့်တဲ့ ကြယ်ပန်းတစ်ခင်း
ငွေရည်ပျော်ကာ ဖြာဆင်း ရှစ်ခွင်လင်း ကိုယ်ချစ်တဲ့လမင်း

ပြာနှမ်းသွားတဲ့ နှုတ်ခမ်းတွေ အသံကိုလွှင့်၍ ငိုညည်းခြင်းတွေ
နောက်ဆုံးကြွင်းတဲ့ အနမ်းတွေ ကိုယ်တိုင်လှည်းကျင်း ရှင်းထုတ်ရင်း

ရှင်သန်ခြင်းရဲ့သီချင်း ရင်မှာ တိုးတိတ်စွာ ဆိုညည်းရင်း
အလင်းနေ့ရက်သစ် ခြေသံအား ခါးသီး နားစွင့်ရင်း

ပြန်လေဦး ကောင်းသောညရေ နှုတ်ဆက်တယ်လေ
နှင်လေဦး ကောင်းသောညရေ နှုတ်ဆက်တယ်လေ

မာတိကာ သို့ .....