သုံးရာသီချစ်သူ

ဆောင်းတွင်းမီးဖိုကလေးပေါ့ ကိုယ်ပဲ မီးတောက်ကလေး
မင်းလေးရဲ့ ရင်ထဲမှာ အချစ်ရေ နွေးပါစေ
အေးသော ယပ်တောင်လေးပေါ့ နွေးထဲ အေးအောင်လေ
မင်းရဲ့ အသည်းမှာအေးသောယပ်တောင် ဖြစ်နေမယ်

မိုးဆောင်းနဲ့နွေပြောင်းလဲ နှစ်ပေါင်းကြာပါစေ
မင်းကလေးနားမှာ အမြဲတမ်းလိုက်နေမယ်
မိုးတွင်းထီးကလေးမိုးမှာပေါ့
ဆောင်းတွင်းမီးကလေးတောက်မှာပေါ့
နွေရာသီမှာ ရွှေရင်အေးအောင် ကိုယ်လေ အေးသော ယပ်တောင်လေး
မင်းကလေးအနားမှာ အမြဲချစ်သော ကောင်းသောချစ်သူဖြစ်ချင်သော
ကြင်နာသူဟာ ကိုယ်ပါပဲကွယ် ထာဝစဉ်မခွဲ

မိုးတွင်း ထီးကောက်ကလေး ဒီမိုးများထဲ မင်းကလေးရယ်
ကိုယ်မိုးမယ် အချစ်ရယ် ဆောင်းပါကွယ်
သုံးဥတုပါပဲ သုံးမျိုးပြောင်းလာ ကိုယ်ပဲ
မင်းရဲ့ အနားမှာ အမြဲတမ်း ချစ်သူဖြစ်နေမယ်

မာတိကာ သို့ .....