ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်

ဝိညာဉ်စိတ်ရှိုင်းနက်လို့ ကလူသလို လူကို မြူဆွယ်ကျီစယ်
ဘုရားသခင် ရှေ့ကျွန်ုပ်ရောက်ခဲ့ တိမ်လွှာစိုင်လို ပေါ့ပေါ့ပါးပါးကွယ်
ငွေစန္ဒာယာဉ်ရောင် ပြိုးပြိုးပျက်ပျက်ဆောင် ဘယ်ဆီခေါ်မယ် ပြောလည်း မပြောဘဲ
လှမ်းလို့ချီယူ ဘုံပျံနတ်နန်းလေးဆီ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်

ဘော်စင်ငွေစန္ဒာယာဉ်အရောင် ကြည်လင်ပြိုးပျက်အလင်းဆောင်
ဘယ်ဆီခေါ်မယ် ပြောလည်းမပြောဘဲ
လှမ်းလို့ပွေ့ချီ ဘုံနတ်နန်းပျံဆီကို ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်

ကိုယ့်ကို အများသူမတွေ့မြင် ပီပီပြင်ပြင် အခြေအနေကိုကွယ်
ပြောပြတော့ ၀မ်းနည်းမိတယ် တမလွန်ဘုံမှာ အိပ်စက်ရပေါ့ကွယ်

မမြင်ဘူးလို့ တော်တော်ကြာအောင် ရပ်တန့်လို့ ငေးမောကြည့်တယ်
လှေငယ်တေလေ ဘယ်ဆီသွားမယ် ဟိုအဝေး ခက်ပြီကွယ်
တစ်ယောက်တည်း လိုက်ခဲ့တဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်

မာတိကာ သို့ .....