မိုးလင်းသွားတဲ့ညများ

မိုးလင်းသွားအောင် ညညဖုန်းဆက်ဖို့
ကိုယ်ကြိုးစားရင်းနဲ့ အိပ်ရေးပျက်မယ်ဒါပါပဲ
ကိုယ်တွေးရင်းနဲ့ ရင်ခုန်စွာ စောင့်ခဲ့ရတယ် စက္ကန့်တိုင်းပေါ့
ရင်ထဲချစ်တာ မင်းတစ်ယောက်တည်း

ကိုယ်သိပ်ကြားချင်တယ် မင်းရဲ့စကားလေးအတွက်
ဒီလိုနဲ့ ကိုယ်ဖြတ်သန်းလို့ ကျော်လွန်သွားခဲ့တဲ့
ညများစွာ မျှော်လင့်ချက်မဲ့

ကံကောင်းထောက်မခြင်းနဲ့ မင်းထူးတဲ့အသံသဲ့သဲ့ ဒီတယ်လီဖုန်းလေးထဲ
ရင်နဲ့ ဆတ်ဆတ်ကြားခိုက် နှလုံးသားလေးမှာ မူးယစ်နေဆဲ

မင်းဘာပြောမလဲ မကြိုးစားနဲ့တော့ မင်းကိုပြောမယ်
ရပ်လိုက်တော့ဇာနည် နောက်ထပ်မပြောနဲ့
လူကို ဘာထင်နေလဲ ဟဲလို ဒီမှာ လူကို ဘာထင်နေလဲ
ရပ်လိုက်တော့ဇာနည် ရပ်လိုက်တော့ မပြောနဲ့

မိုးလင်းသွားအောင်ညည ဖုန်းဆက်ဖို့ကိုယ် ကြိုးစားရင်းနဲ့
ကိုယ်အသည်းကွဲမယ် ဒါပါပဲ
ကိုယ်တွေးရင်းနဲ့ နာကျင်ခံစားခဲ့ရတယ် စက္ကန့်တိုင်းပေါ့
ဘာကြောင့်အချစ်ရယ် မင်းသိပ်ရက်စက်

မင်းဘယ်သူများလဲ မနှောင့်ယှက်နဲ့တော့ မင်းကိုပြောမယ်
ရပ်လိုက်တော့ဇာနည် နောက်ထပ်မပြောနဲ့
အနှောင့်အယှက်မပေးနဲ့ မကြိုးစားနဲ့တော့ မင်းကိုပြောမယ်
ရပ်လိုက်တော့ဇာနည် နောက်ထပ်မပြောနဲ့

ဘယ်သူတွေဘာတွေမှားတယ် ပြောမလဲဘေဘီ
ဘာတွေ ဘယ်လိုမှားတယ်ဆိုမလဲ
ရပ်လိုက်တော့ဇာနည် နောက်ထပ်မပြောနဲ့

(မိုးလင်းခဲ့ပြီ) ၂ အိပ်မက်ဆုံးတော့ (ရပ်လိုက်တော့ဇာနည်) ၂
မိုးလင်းခဲ့ပြီ ကိုယ်အသည်းကွဲခဲ့ မိုးလင်းခဲ့ပြီ အိပ်မက်ဆုံးတော့
ရပ်လိုက်တော့ ဇာနည် ထပ်မပြောနဲ့
(မိုးလင်းခဲ့ပြီ) ၂ အိပ်မက်ဆုံးတော့ မိုးလင်းခဲ့ပြီ
(ရပ်လိုက်တော့ဇာနည်) ၂ (မိုးလင်းခဲ့ပြီ) ၂
ဒါတွေပြီးပြီ ရပ်လိုက်တော့ဇာနည်

မာတိကာ သို့ .....