လိုချင်တာယူ

သံစဉ် - အဲလက်စ်

ငါ့ဘ၀တွေဆိုတာ မင်းရဲ့လက်ထဲမှာ နင်ပြိုကျအောင် လုပ်နိုင်သူပါ
မင်းနောက်မှာနေတဲ့ အရိပ်တစ်ခုလိုမျိုးပါ ငါ အချိန်တိုင်းမှာ ရှိချင်နေတာ
အစမ်းသပ်ခံပါတယ် အသည်းနှလုံးယူသုံးပါ ကိုညီထွဋ်ရဲ့ သီချင်းလိုပါပဲ
မင်းကြိုက်တာယူပါ ငါ့ရဲ့ဘ၀ထဲမှာ နင်ကျေနပ်ရင်ပြီးတာပါပဲ

လိုချင်တာယူပါ အချစ်လေးရာ ငါသိပ်ချစ်နေလို့ပါ
လိုချင်တာယူပါ အချစ်လေးရာ ငါစွဲလန်းနေလို့ပါ / ပေးလိုက်ချင်လို့ပါ

အိပ်ပျက်တယ်ဆိုတာ မထူးဆန်းနိုင်တော့ပါ သန်းခေါင်ကျော်ညတွေ များနေပြီကွာ
မင်းလေးပျော်မယ်ဆို စိတ်ကြိုက်သာလုပ်ပါ ငါသေလိုက်ဆိုလည်းသေမှာပါ
မင်းချစ်တယ်ဆိုရင် ပြောလိုက်ပါတော့ကွာ ငါစိတ်မောအောင် မလုပ်ချင်ပါနဲ့
မင်းသနားနိုင်မယ်ဆို မမုန်းလိုက်ပါနဲ့ကွာ ငါဒီတစ်ခုတော့ တောင်းဆိုချင်တယ်

မာတိကာ သို့ .....