အမြဲတမ်း

တကယ်တမ်းသာဆို မချစ်တော့ရင် ထားခဲ့
ဘာကြောင့်ဖြစ်ဖြစ် ခွင့်ပြုတယ် မင်းသဘောနော်
ဖြေရှင်းချက်တို့ မပေးနဲ့
ဘာကြောင့်လုပ်လုပ် တောင်းပန်စရာမလိုဘူး....

အတူရှိခဲ့တဲ့ နေ့ရက်တွေကတော့
ပြန်စဉ်းစားရင်း အရမ်းလွမ်းစရာပဲပေါ့
ထာဝရရင်မှာ အိပ်မက်တွေ
ဖန်ဆင်းလေသူ မိန်းကလေးရယ် ကျေးဇူးနော်

အမြဲတမ်းအားလုံး ခွင့်ပြုထားတယ်
ပြန်မလာရင်လည်း ငါ့ဘ၀ ငါ့ရဲ့အကြောင်းပဲ
ဘယ်အခါမှ ရက်ရက်စက်စက် အသည်းခွဲရသလဲ
ငါ မမေးဘူးနော်.....
အမြဲတမ်း မင်းက အရေးကြီးဆုံးပဲ
ငါဆိုတာ ထည့်မတွက်ထားနဲ့ တစ်နေ့ကျတော့လည်း
အနည်ထိုင်ကာ ဝေးရင်း တဖြည်းဖြည်း သွေးအေးသွားမယ်
မင်းသဘောနော်....

မင်းသဘောနော် (မင်းသဘောပေါ့)

Typed by The Kop's Fan
မာတိကာ သို့ .....