ရင်မှာ

တွယ်တာနေဆဲကွယ် ကိုယ့်ချစ်သူလေး မင်းထားခဲ့ဘ၀မှာ
ဒဏ်ရာတွေနဲ့လေ ကိုယ့်နှလုံးသားမှာလည်း လှိုက်မောခြင်းများရယ်
ပူလောင်နေလည်း ကိုယ်မျှော်လင့်တဲ့ ချစ်သူမင်းက အဝေးမှာပဲ
ပြန်လာမှာလားကွယ် ကိုယ့်အိပ်မက်ထဲ အမြဲတမ်း မင်းရှိတယ်
ငိုနေသူအားငယ် တိတ်ဆိတ်စွာနဲ့ တမ်းတမိခဲ့တယ်
ဝေဒနာတွေရယ် နာကျင်အက်ကွဲ အနာဂတ်ဟာ ဆုံးရှုံးခြင်းတွေနဲ့

ရင်မှာလေ တစ်ယောက်တည်းချစ်တယ် ဘယ်တော့မှ မပြောင်းလဲတာ
သေချာကိုယ်နားလည် ခံစားချက်တွေ ပူပြင်းတဲ့နေ့ရက်ရှည်ထဲ /
ကိုယ့်ရဲ့ရင်ထဲ ရူးသွပ်တော့မယ်
မျှော်လင့်ချက်တွေ ပြန်ထွန်းညှိပေး ချစ်သူရင်ခွင်ကိုလွမ်းတယ်
အိပ်မက်များ လှနိုင်စေမယ် ကိုယ်ဆုတောင်းပေးနေမယ်
တံခါးပိတ်ရင်မှာ ကိုယ်လွမ်းတယ်

ချိုမြိန်ချစ်စကားသံ လွမ်းဆွတ်ချိန်တိုင်း အသည်းထဲနွေးသွားတယ်
ပြန်ဆုံချင်လည်းလေ ပြောခွင့်မရှိသူ ကိုယ်နှလုံးသား အတွေးဝယ်
ပိုင်ဆိုင်ချင်လည်း ကိုယ်မျှော်လင့်တဲ့ ချစ်သူမင်းက အဝေးမှာပဲ

မာတိကာ သို့ .....