နတ်မိမယ်မိန်းမလှလေး

လိုက်မိလေ ဝေးလေပဲ မြေမိုးဆုံးအောက် တိမ်းရှောင်ကာ
ဝေးရာသို့ ထွက်ပြေးတော့မလား ချစ်မိတဲ့သူ ရူးအောင်လုပ်တာလား
ကျီစားတာလား အချစ်ရေ ငါ့ကိုပြော စိန်ပြေးတမ်းလို လိုက်ရင် ပြေးထွက်သွား
မလိုက်ပြန်တော့ ငါ့အနား ရစ်သီရစ်သီ လုပ်ပြန်ရော
ငါ့ဘ၀ကို မင်းအပျော်ကစားတာလား
စိတ်ကျေနပ်အောင်ကစား ငါ့ကို သားကောင်ဖြစ်စေသလား

နတ်မိမယ် မိန်းမလှလေး မာယာတွေ အသိန်းအသန်းနဲ့ ဖမ်းစားထား

လိုက်မိလေဝေးလေပဲ လေထဲလွင့်စင် မိုးတိမ်များလို
ကောင်းကင်ထဲမှာ ပြန့်ကျဲလို့သွား
သင်္ဘောပျက်လို ကမ်းခြေလိုက်ရှာရင်း ပြန်လမ်းမတွေ့ဘဲ မင်းဆီပဲပြန်ရောက်
ခံစားချက်တွေပေးကာ လှည့်လည်သွား
နေ့တွေညတွေကြား ငါ့ကို လိပ်ပြာနုတ်လေမလား
ငါ့ဘ၀ကို မင်းအပျော်ကစားပါတော့
စိတ်ကျေနပ်အောင်ကစား ငါ့ကို အငွေ့ပျံသွာစေလား

မာတိကာ သို့ .....