အမေ့ရုပ်ရည်

မလွန်ဆန်နိုင် သင်္ခါရ အမေ့ရဲ့ဘ၀ ဒီအချိန်မှာ ဇရာထောင်းခဲ့ပြီ
အရွယ်အိုပြီ ဆံဖြူပြီး သွားကျိုးလို့ ပါးရေနားရေတွေလည်းပဲ တွန့်လိပ်ပြီ
အမေ့ဒီအရွယ်နဲ့ အလှပျက်နေပြီလား ဒီအတွေးတွေ တွေးမိတော့လေ
မီးဖိုချောင်ထဲ အိုးမည်းပေးနေတဲ့ အမေ့အကဲတွေ လှမ်းကြည့်နေတုန်း
ဆံပင်ဖြူသွားကျိုးပါစေ ပါးရေနားရေတွေ တွန့်လိပ်ပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်
လူပုံလယ် အမေလှုပ်ရှား ရုန်းကန်ခဲ့တဲ့ ဒဏ်တွေရဲ့ ဖိစီးချက်တွေ
ပိန်လီနေ အရေတင်တဲ့ အရိုးရုပ်နဲ့
အသံတွေတုန် ခါးလည်းကိုင်းခဲ့ပြီ
အမေ့ဒီအရွယ်ထဲ အလှပျက်နေပြီလား ဒီအတွေးတွေ တွေးမိလေတော့လေ
အ၀တ်ထိုင်လျှော်ရင်း မမောပန်းနိုင်ရှာတဲ့ အမေ့အပြုံးတွေ ငေးကြည့်နေတုန်း
အရေတင်တဲ့အရိုးဖြစ်ပါစေ အသံတွေတုန် ခါးကိုင်းပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

မပြင်ဆင်နိုင် အမေ့အ၀တ်အစားလည်းရှိတယ် ဖျင်ပင်နီရင်ဖုံးအင်္ကျီ
အရောင်ပြယ်နေ မာဆရိုက်ပွင့်ရိုက်နဲ့ ထဘီအဆင်ဟာ မွဲလွန်းနွမ်းလွန်းပြီ
အမေ့ဒီအရွယ်ထဲ အလှပျက်နေပြီလား ဒီအတွေးတွေ တွေးမိတော့လေ
ဘုရားစင်ရှေ့နား ၀တ်ပြုနေလေတဲ့ အမေ့တရားသံ နားစိုက်နေတုန်း
အရွယ်အိုနေတဲ့ တစ်ဖက်မှာ ပျိုရွယ်နေဆဲပဲလေ
အမေ့ရုပ်ရည်အမြဲ လှနေတယ်

မာတိကာ သို့ .....