တစ်နေ့စာအလွဲများ

အိပ်ယာထဲကထနေ့တိုင်း ငါရောက်နေကျဆိုင်ထဲ
တွေ့နေရတဲ့ မျက်နှာများ ဟန်လုပ်ကာ ပြုံးပြပြီး
စိတ်က မိုးနဲ့မြေကြီး ဒီဘက်ကိုကြွပါ မိတ်ဆွေကောင်းကြီးရယ်
အားနာမိတော့လိုက်လျော ခုံလေးကိုဆွဲယူတော့
သူ့ကြွားလုံးထဲ ငါမျောပြီပေါ့
ငါခေါင်းညိတ်ရင်း သိပ်အံ့သြပြလိုက်ရင်း
မျက်လုံးပြူးနိုင်ဖို့သာ ကြိုးစားတော့

နည်းနည်းလေးတော့ လွဲနေမယ် လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင် ပြီးတာပဲ နေတတ်ရင် အေးဆေးလေး
(စိတ်ကျေနပ်ရင်ပြီးပြီ ကောင်းသားပဲ လိုအပ်ရင် ရူးလိုက်ဦး)

ဒီညနေခင်းတွေရဲ့ အိုး ... မိုးကောင်းကင်ထက် ငါ့ရဲ့စိတ်ကို လွှတ်တင်လို့
ဟောင်းနေတဲ့စိတ်ကူး ဆေးရောင်အသစ်ပြန်ထပ်မယ် မေ့လိုက်တယ်အားလုံးကို
ကြည်နူးကာ လျှောက်လို့လာရင်းနဲ့ တုန်ယင်လန့်ဖျပ်လို့သွားခဲ့
ကြိုးလွတ်သွားတဲ့ ခွေးဆိုပဲ
ပြေးသူပြေး ကားလမ်းပေါ်လဲတဲ့သူလဲကာ
စိတ်ချောက်ချားလည်းဗျာ ကျားမဟုတ်တာကျေးဇူးပါ

ရင်ထဲမှာ အတွေးလေးရ သီချင်းထိုင်ရေးတုန်းမှ
လုပ်ပြီ ကြိုးပြတ်သွားတယ် ငါ့ဂစ်တာက
ကဲကွာရှိပါစေတော့စေ့ စာဖတ်ပေါ့ ဟာသွားပြီ မီးပျက်သွားခဲ့တော့
ဘာတတ်နိုင်သေးလို့လဲ အိပ်တာအကောင်းဆုံးပဲ ငါ့နေ့စဉ်လွဲချော်မှုတွေနဲ့
ငါ အိပ်ပျော်သွားမှ အေးမှာပဲ
မနက်ဖြန်အိပ်ရာထရင် တွေ့မယ် နောက်တစ်နေ့စာ အလွဲများနဲ့

စိတ်ကျေနပ်ရင်ပြီးပြီ အေးဆေးနေတတ်ရင် ဘ၀မှာအကောင်းဆုံးဟေ့
နည်းနည်းလေးတော့ လွဲတာရှိမယ်
ဟုတ်ရဲ့လား ကောင်းတာလေးတွေရှာကြံတွေး (အဟင်း)
စိတ်ကျေနပ်ရင်ပြီးတာပဲ နေတတ်ရင်အေးဆေးလေး
ဟူး နည်းနည်းလေးတော့ လွဲနေမယ် လွဲလွဲလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင်ပြီးပြီ အားလုံးကောင်းတယ် အေးဆေးပါ အေးဆေးလေး
ဟုတ်ရဲ့လားဟေ့ မာ ... မာ ... မာ ... ၀ို ... ၀ို ... ၀ို
စိတ်ကျေနပ်ရင်ပြီးပြီဟေ့ နေတတ်ရင် အေးဆေးလေး
နာ ... နာ ... နာ ... ရဲ ... ရဲ ... ရဲ ... အို ... အို ... အို
မာ ... မာ ... မာ ... ၀ို ... ၀ို ... ၀ို စိတ်ကျေနပ်ရင်ပြီးပြီ
အားလုံးအတွက် အကောင်းဆုံးပဲ အေးဆေးလေး

မာတိကာ သို့ .....