ဘုရားဝတ်ပြု

ဗုဒ္ဓဘုရားရှင်ပွင့်တာကြာပြီ လောကလူ့ရွာကမ္ဘာမြေပေါ်
ဒုစရိုက် မကောင်းမှုတွေ ကျောခိုင်း ဘုရားထံ ၀တ်ပြုလေ
အစဉ်ဆက် ဘုရားများပွင့်ခဲ့ပြီပဲ ထပ်ပြီး ပွင့်ဦးမယ်
လူတိုင်းမကောင်းမှုမလုပ်နဲ့တော့ဟေ့ တို့ဘုရားလာတော့မယ်
ဒေါသကြီးတဲ့လူတွေ သတိပြုမိရင် အပါယ်မလား
ဂေါတမဘုရားပြီးရင် အရိမေတ္တယျဘုရားထံ ၀တ်ပြုလေ
အစဉ်ဆက် ဘုရားများပွင့်ခဲ့ပြီပဲ ထပ်ပြီး ပွင့်ဦးမယ်
လူတိုင်းမကောင်းမှုတွေမလုပ်နဲ့တော့ တို့ဘုရားလာတော့မယ်
ဂေါတမဗုဒ္ဓပွင့်တာကြာပြီ လောကလူ့ရွာကမ္ဘာမြေပေါ်
ဒုစရိုက် မကောင်းမှုတွေကျောခိုင်း ဘုရားဝတ်ပြုလေ
အစဉ်အဆက်ဘုရားများပွင့်ခဲ့ပြီပဲ ထပ်ပြီးပွင့်ဦးမယ်
လူတိုင်းမကောင်းမှုမလုပ်နဲ့တော့ ဟေ့ တို့ဘုရားလာတော့မယ်

မာတိကာ သို့ .....