အလွမ်းမိုင်တိုင် ၁၅၀၀

ကမ္ဘာဦးအစက နေ့တွေမှာ လူသားများရဲ့ ကိုးကွယ်ရာ
နေမင်းကြီးရဲ့ အလင်းရောင်ကို ပျောက်မှာစိုးသလိုမျိုး
ယုံစားခြင်းရဲ့ မျက်ကွယ်မှာ ထင်မထားရဲတဲ့ အဖြစ်တွေဟာ
ဘယ်လို အကြောင်းအမျိုးမျိုးနဲ့ မဆိုကွာ ဖြစ်များစိုးရိမ်တာ

အိမ်ကိုပြန်ခဲ့ဖို့ ကြိုးစားရင်းနဲ့သာ
မရေရာနိုင်သေးတဲ့ နေ့ရက်တွေမှာ
အတူတူဆုံဖို့ မင်းဆုတောင်းထားပေါ့ကွာ ဒီအချိန်မှာ

ပြန်အိပ်မရတဲ့ညတွေမှာ သက်ပြင်းများနဲ့ လေးလံကာ
ဒီမြို့ပြညလမ်းပေါ်မှာ တိတ်ဆိတ်ကွဲကြေကာ
မိုင်းများနဲ့ ခြားနားပါစေကွာ မျှော်လင့်လို့ မင်းစောင့်နေပါ
ကိုယ်တစ်နေ့နေ့တော့ ရောက်လာမှာ စိတ်ချလို့နေပါ

မိုင်တွေက အလွမ်းနဲ့ ရေတွက်တော့ ၁၅၀၀
မရေရာနိုင်သေးတဲ့ နေ့ရက်တွေမှာ
အတူတူ ဆုံဖို့ မင်းဆုတောင်းထားပေါ့ကွာ ဒီအချိန်မှာ

မာတိကာ သို့ .....