နွေဦး

မနက်ခင်း အလင်းထဲ တစ်ယောက်တည်း ထိုင်ရင်း ငါစဉ်းစားနေမိတယ်
မင်းလည်း ဘယ်ကိုရောက်နေ နွေဦး သစ်ရွက်ကြွေနဲ့ စိတ်ကူး
ငါ ရူးသွားလိမ့်မယ် ငါရူးသွားလိမ့်မယ်
မနေ့ကလိုပဲ အရင်အတိတ်ဟာ ပူလောင်ဆဲ
ဥသြငှက်သံကြားမှာ နင့်ကိုငါ လွမ်းတယ်၊
ပက်ကြားအက်နေတဲ့ ရင်ဘတ် နွေခေါင်ခေါင်ထဲ
မနေ့ကလိုပဲ ငါ လွမ်းတယ် မနှစ်ကလိုပဲ ငါ လွမ်းတယ်

လေညှင်း ပြူတင်းပေါက်ကို ဖြတ်လာရင်း ငါမျက်စိမှိတ်ထားတယ်
မင်းလဲ တဒင်္ဂလေးပဲ နွေဦး မင်းငါ့ကို မချစ်တော့ဘူး
ငါရူးသွားလိမ့်မယ် ငါရူးသွားလိမ့်မယ်
နွေဦးပုံရိပ်တွေ မှုန်ဝါးလို့ ပျောက်ကွယ်
မှုန်ဝါးနေ မှုန်ဝါးနေ မှုန်ဝါးလို့ ပျောက်ကွယ်

Typed by ထူးမြတ်
မာတိကာ သို့ .....