ပြည့်စုံပါစေ

အို ... မင်းမျက်နှာလေးပဲ ကိုယ်နေ့တိုင်း အမြဲတမ်း ငေးကြည့်မိခဲ့
ရင်ထဲက မင်းကို ချစ်တဲ့စကားတွေလည်း
ကိုယ်ဘာကြောင့်ပြောဖို့ သိပ်တွေဝေနေသလဲ
သက်ပြင်းလေး မင်းရှေ့နားမှာ / ရှိုက်နေဆဲ
ဒါကိုလည်း သိနိုင်လိမ့်မယ် ကိုယ်မထင်ဘူး
အိုး .... ဟိုး ..... ဟိုး ..... / ရှိုက်နေလည်း မပြောတော့ဘူးကွယ်

ကဲ ..... ခုတော့ ဘာပြောမလဲ သူဖွင့်ပြောရဲတဲ့ တစ်ယောက်နဲ့တွဲပြီး
ကိုယ်ဆောက်တဲ့ အတွေးအိမ်လည်း လေထဲမှာပဲ
မျိုသိပ်ရင်း ဆွေးနေရပြီ သူမသိဘူး
တစ်ယောက်ပဲ စိတ်ဖြေသိမ့်စရာလည်း မတွေ့ဘူး အိပ်စက်မရပါ

ကိုယ်လေ ၀မ်းနည်းပက်လက်
အခုတွေးကြည့်လိုက်တော့ ချစ်တာတစ်ခုတည်းပဲ
သေချာဆန်းစစ်ကြည့်မှ ကိုယ့်ချစ်သူလိုအင်ဖြည့်ရန် မလွယ်တဲ့ဘဝ
စိတ်ဆင်းရဲရမယ်ဆိုရင် သူလေးပဲ ပြည့်စုံပါစေ
ကိုယ်ကတော့ ကြိတ်ခံနိုင်တယ် မပြောတော့ပါကွယ်

မာတိကာ သို့ .....