အဓိပတိလမ်းကခြေရာများ

အဓိပတိလမ်းမထက် အတိတ်က တို့ခြေရာများ
တိမ်တိုက်လိုဝေးလွင့်လို့သွား အားလုံးပျောက်ကွယ်ပြီလေ
ရာသီတွေချာချာလည်မှုန်ဝါး အတိတ်က ခြေသံ တိုးတိုးသွား
တို့နှစ်ယောက် တကယ်ကို ဝေးခဲ့ကြပြီလား

ပွင့်သစ်စက ရနံ့ဆွတ်ပျံ့ ခုတော့ ပျောက်ပျယ်လွင့်ပါး
ပြောင်းလဲခြင်းများရဲ့ မြစ်ရေတို့ ဘ၀ကို ဖြတ်ကျော်တာ ကြုံတယ်
ဒဏ္ဍရီလို ဝေေ၀၀ါး အတိတ်က ခြေသံ တိုးတိုးသွား
ဒီမှာ တို့နှစ်ယောက် တကယ်ကို ဝေးခဲ့ကြပြီလား

အို ... အဓိပတိလမ်းမလည်း အရင်လိုပါလား
အို ... တို့နှစ်ယောက်ရဲ့ အချစ်တွေ မခိုင်မြဲကြ
အချစ်တွေးမိရဲ့လား တို့ရဲ့ အဖြစ်များ အားလုံးပြောင်းလဲသွားခဲ့ပေါ့ ယုံနိုင်မလား

အဓိပတိလမ်းထက်လျှောက်ခဲ့ကြ တို့ခြေရာများ
အမြဲတမ်းတွဲသွား မခွဲတမ်းလျှောက်ခဲ့ အို ... အချစ်တဲ့လား
ကမ္ဘာတည်အောင် ခြေရာတွေ ချန်နေရစ်မလား ခုတော့ ... ဘယ်လိုဖြစ်ခဲ့သလဲ
အကြင်နာတွေ တကယ်ကို အို ... ဝေးခဲ့ကြပြီလား

မာတိကာ သို့ .....