မဆွေးချင်ဘူး

အိုးရေး ... ရေး ... ရေး ... ရေး
ဒီအချိန်မှတော့ နင်မလာနဲ့တော့
ဟိုအရင်ကလို မာန်မာနမျိုးနဲ့ နင်ပြတ်သားနိုင်တယ်
ရင်မှာမလိုတော့ဘူး တကယ်မလိုအပ်ဘူး
တစ်ချိန်မှာ ကြေကွဲစရာထက် ပိုပြီး မထူးတော့မယ့် ဇာတ်လမ်းထဲ
နင်ဒီအတိုင်းပဲ အဝေးမှာနေပါတော့
ခဏလွမ်းတဲ့စိတ်နဲ့ မလာချင်ပါနဲ့ သွားပါတော့

မဆွေးချင်ဘူး ပြန်မလွမ်းချင်ဘူး ( ပြန်မဆွေးဘူး )
ဒီအကြောင်းတွေ အကုန်လုံးမေ့ပစ်လိုက်ပြီ
မဆွေးတော့ဘူး ပြန်မလွမ်းတော့ဘူး (ပြန်မဆွေးဘူး)
အရင်ကလို ကြေကွဲစရာ နောက်ထပ်မပေးနဲ့ ပြန်သိမ်းလိုက်တော့
မလိမ္မာတဲ့ မင်းရဲ့အချစ်များ မလိုချင်ဘူး (မဆွေးချင်ဘူး နင်မေ့လိုက်တော့)

ဒီအချစ်မျိုးနဲ့ ပြန်မလာခဲ့နဲ့ အရင်ကလို မာန်မာနမျိုးနဲ့ နင်ထွက်သွားလိုက်တော့
အခါခါ ငါရူးမယ့်ဘ၀ ထပ်မပေးနဲ့ တစ်ချိန်မှာ ကြေကွဲစရာတွေ
ယူဆောင်လာမယ့် မင်း ဇာတ်လမ်းတွေထဲ

နင်ဒီအတိုင်းပဲ တခြားမှာပျော်ပါတော့
မင်းလွမ်းတဲ့စိတ်ရဲ့ ခဏမှာ အသည်းမခွဲနဲ့ဟေ့

ငါ့ နှလုံးသား အသစ်ပြန်ကွဲရှမယ့် ဇာတ်လမ်း မင်းမစနဲ့ ရူးသွားနိုင်တယ်
မင်းခဏ မွေ့ပျော်ဖို့အတွက် အသည်းကို ထပ်မခွဲနဲ့ ဟူး ... ဟူး ...

မာတိကာ သို့ .....