ဟက်ပီးဘတ်ဒေး

အိမ်ရှေ့ခန်းထဲက ငါ့ပြက္ခဒိန်ထဲ ငါကြည့်လိုက်မိတယ်
ဒီလပိုင်းထဲက Friday တစ်ရက်ပဲ နင့်မွေးနေ့ရှိတယ်
ဘာတွေ ပြောင်းလဲသွားပါစေ မပြောင်းသွားနိုင်
ငါစိတ်အညစ်ဆုံး အကုန်လုံးအသစ်ဖြစ်ခဲ့
ငါ ပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
အိမ်ရှေ့ပြတင်းပေါက်က ငှက်စုတ်တွေလည်း လာပြီး မနှိုးကြနဲ့
ဟက်ပီးဘတ်ဒေး ပြောမယ့် ငါ့ပါးစပ်လည်း ငါအတင်း ဆွဲပိတ်ခဲ့လို့
နားထဲကအသံတွေ မောင်းထုတ်လိုက်
ရင်ထဲက အမုန်း အကုန်လုံးပေးလိုက်တယ်
ငါပြန်မှတ်မိတဲ့အချိန်မှာ ခေါင်းငိုက်စိုက်
ပြန်တွေးလိုက်တိုင်း ငါရိုင်းစိုင်းသွားတယ်
နင်ဟာ ငါ့ရဲ့ အသည်းနှလုံးကိုပဲ ဘတ်ဒေးကိတ်လုပ်ခဲ့
နင့်ရဲ့ဘေးနားက အပေါင်းအသင်းတွေလည်း ဆုတောင်းပေးကြမယ်

မာတိကာ သို့ .....