အိပ်မက်ဆောင်းည

ကြယ်တွေစုံမြူမှုန်နဲ့ နှင်းစက်တို့လာဖြန်းပက်ကြတယ်
ဆောင်းညရောက်တိုင်းပဲကွယ် တွေးတောကာလွမ်းရတယ်
မွေးရပ်ဌာနေနဲ့ဝေးခဲ့ရသူမှာ အတွေးများက နှစ်နဲ့လကြာပါပြီကွယ်

ခေါင်ရည်ချိုရီဝေမူး ၀ိုင်းဖွဲ့ကာတို့ အပေါင်းအသင်းများနဲ့
လက်ခုပ်တွေတီးဖို့ကွယ် တစ်ခေါက်လောက်ပြန်ရောက်ဖို့ရယ်
ဆွေးမြေ့သူရင်ထဲ လွမ်းမောညတွေမှာ အိပ်မက်က နိုးတစ်ဝက်နဲ့ မြင်ယောင်တယ်

ဟိုဘက်ဒီဘက်ဟိုဘက် ယိမ်းနွဲ့လို့ကကြတယ်
သီချင်းတွေကို အတူဆိုရင်းနဲ့ အတူပျော်ဖူးတဲ့ မီးပုံပွဲ
ဟိုဘက်ဒီဘက်ဟိုဘက် ယိမ်းနွဲ့လို့ ကကြတယ်
သီချင်းတွေကို အတူဆိုရင်းနဲ့ တောင်ပေါ်ညတစ်ညမိုးအလင်းပဲ

မာတိကာ သို့ .....