စန္ဒီ

အိုး ... ရေး ...

အမှောင်တွေပြယ်ချိန် အလင်းတန်းများ စီးနင်းလို့ ၀င်လာသည့်တိုင်
ကိုယ်အိပ်စက်ခွင့် မရနိုင်ခဲ့တော့ အလွမ်းနယ်နွံမှာရူး

ဒဏ်ရာတွေကိုသာ ရေးခြစ်တဲ့ မင်းမျက်နှာလေး ငါပြန်တွေးခိုက်
နှလုံးသားက ကြေကွဲခြင်းနဲ့ အချစ်များမှာ ကျေနပ်နေခဲ့သူ

နာကျင်ခြင်းများပဲ အမြဲပွေ့ပိုက်ကာ ချစ်ခဲ့သူ (ချစ်မိသူ)
ရင်ကိုအမြဲတမ်း အရှုံးများပဲ နင်ဖန်ဆင်းလည်း ... အိုး ...
မျှော်လင့်ခြင်းများနဲ့ ကိုယ့်ရဲ့ အချစ်တွေ လှပနေ အို ... စန္ဒီ
မင်းရဲ့အချစ် အမှောင်တွေ ပြယ်ချိန်ရောက်မယ့် မနက်ဖြန်များ

ရင်ခုန်သံတွေရယ် ကျဲပြန့်လို့ နင်လှမ်းကြည့်လိုက် ဒီအမှောင်ထဲမှာ
အနီးဆုံးနဲ့အိုး ... အချစ်ရယ် ... ဒဏ်ရာတွေဟာ အချစ်လား

အနိုင်လိုသူအတွက် ပေးဆပ်ရင်း ငါ့ရဲ့ဘ၀ နင်လိုတိုင်းယူ
နှလုံးသားက ကြေကွဲခြင်းနဲ့ အချစ်များမှာ ကျေနပ်ခဲ့သူ

ရှင်သန်နေမယ် မင်းလေးအတွက် အမှောင်နယ်ထဲ
ကိုယ့်ရဲ့ နှလုံးသား အချစ်တွေနဲ့ တစ်ချိန်မှာ
မင်း ... လှမ်းခဲ့ ကြင်နာသော အလင်းတွေနဲ့
ဆုံတွေ့မယ့်နေ့တို့ တွေးရင်းရူး

အို အချစ်ရယ် မယုံရဲတော့ဘူး ...

မာတိကာ သို့ .....