ကြယ်တွေဆုံတဲ့ည

ကြယ်တွေဆုံတဲ့ည ကိုယ့်အိမ်မက်လေးရယ်
ကြယ်တွေဆုံတဲ့ည ဘ၀မျှော်လင့်ခြင်းရယ်
ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့ သီချင်းနေ့လေး
ရင်တွေကွဲသွားအောင် ဆိုနေအုံးမယ်

ကြယ်တွေဆုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်
ကြယ်တွေဆုံတဲ့ည ခရီးမိုင်တွေခြားစေ
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့တွေလေး
ကျော်လွန်သွားခဲ့ရင် ဒို့ ပြန်ဆုံအုံးမယ်

နာကျင်စွာတစ်ယောက်ထဲ တရေးနိုးတဲ့ညတို့ မှောင်နေဆဲ
အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတဲ့အိပ်မက်ရှည်တွေနဲ့
အိုး ..... အမြဲတမ်းသတိရနေတယ် ရှင်းပြလို့ ပေးပါကွယ်
ကြယ်ပွင့်လေးရယ် ငါ့ရဲ့အကြောင်းတွေ

ကြယ်တွေဆုံတဲ့ည ထပ်ကြုံရအုံးမယ်
ကြယ်တွေတကယ်ဆုံတဲ့ည လှနေမှာပေါ့ကွယ်
နေညိုညိုလမ်းလေးထက် နေစဉ်စောင့်နေတယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန် ညရယ်

နေညိုညိုလမ်းလေးထက် နေစဉ်စောင့်နေမယ်
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန် ညရယ်

Typed by ကိုးသေး
မာတိကာ သို့ .....