ရပ်တန့်မရဘူး

မိုး ကမ္ဘာပေါ်ရွာနေတာကို ရပ်တန့်မရနိုင်ဘူး တိမ်ညိုတွေကို ဖျောက်ဖျက်မပစ်နိုင်ဘူး
ရင်ခုန်နေတာကို ရပ်တန့်လို့ မရဘူး အို အချစ်ရဲ့ဆူး
ရေး ကမ္ဘာလည်နေတာကို ရပ်တန့်မရနိုင်ဘူး ရှောင်ဖယ်ကာလေ ဝေးသွားလို့မဖြစ်ဘူး
ငါလေရင်ခုန်တာကို ဘယ်လိုမှ ထိန်းမရဘူး

ငါ ရပ်တန့်မရဘူး မင်းလေးကြောင့်ရူး မှားသွားဦးမလား အမှန်ကို ငါမမြင်သေးဘူး
ဒါဟာ ရှုံးနိမ့်တာလား ဒါဟာ ငါ့အတွက်အနိုင်လား
ရပ်တန့်မရဘူး မင်းလေးကြောင့်ရူး ငါ ရပ်တန့်မရဘူး

မင်း ဘာမဆိုလိုချင်တာကို ပေးဆပ်ရမှာပေါ့ စေညွှန်ရာဆီကို ငါရွက်လွှင့်ရမှာပေါ့
ကြင်နာသူ ငြိုငြင်မှာကို လုံးဝမကြည့်ရက်တော့
ငါလာမယ် ဘယ်နေရာ ဘယ်အချိန် မင်းကချိန်းဆိုတိုင်း
ပင်လယ်ပြင်တွေကာရံတားဆီးလည်းစေခိုင်း
အရာရာပီပြင်စေမယ့်သူ အလိုရှိတဲ့အတိုင်း

အိုး ..... ရေး .....

စိန်ခေါ်မယ် တစ်ယောက်နဲ့အများလေ ကြင်နာသူမင်းလေးအတွက်လေ
ရင်ဆိုင်မယ် ရှေ့က တံတိုင်းတွေ လာမယ်နောက်မဆုတ်ဘူး
ရေတံခွန်တွေလို ငါရဲ့အချစ်တွေ တောင်ပြာတွေတောင် မတားဆီးနိုင်ဘူး

ငါရပ်တန့်မရဘူး မင်းလေးကြောင့်ရူး

ရှေ့ဆက်ကာ မှားသွားနိုင်မလား အမှန်ကိုငါမမြင်သေးဘူး
ဒါဟာရှုံးနိမ့်တာလား ဒါငါ့အတွက် အနိုင်လား ငါရပ်တန့်မရဘူး
မင်းလေးကြောင့်ရူး ငါ ရပ်တန့်မရဘူး
အားလုံးမသိတော့ဘူး ဘေဘီ အူး ဟူး အိုး ရေး
ငါလေရင်ခုန်သံတွေ မြန်နေတာ
ရပ်တန့်လိုက်ဖို့ မဖြစ်နိုင်ဘူး ခြေလှမ်းတွေ (ရှေ့ဆက်) ၎

မာတိကာ သို့ .....