နဒီမင်္ဂလာ

နံနက်ခင်း ဆီးနှင်းတို့ အဝေးမလွင့်မီ
နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ
မကြည်လင်တာတွေ မှောင်ရိပ်ထဲ သိပ်ခဲ့ကွယ်
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့မယ်

ဝေဟင်ပေါ်ပျံသန်းတဲ့ ငှက်ကလေးတွေ
ဘယ်ဆီမှာ ဆင်းသက်တစ်ထောက်ခိုနားမယ်
နဒီမင်္ဂလာ ခြေသွားလမ်း ကမ်းတစ်ဖက်မှာ
လေပြည်အလာ ပန်းရနံ့တို့ သင်းပျံ့နေ

ဟိုတစ်ဖက်ကမ်းက တရားဒေသနာ
အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား
ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို
ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ

ရည်ရွယ်ရာ ခရီးလမ်းဆုံးမရောက်သေးမီ
ကြင်နာသူ တွဲလက်ဖြတ် အဖော်မဲ့ပြီ
ယုံကြည်ရာတွေ ပျောက်ဆုံးလို့ ဝေးမသွားခင်
ဒီရင်ခွင်မှာ မင်းအမြဲတိုး စိုးမိုးနေ

Typed by ရန်အောင်
မာတိကာ သို့ .....