မျက်ရည်ယန္တရား

ဟိုးမှာ ငါ့ဝိညာဉ်များ မှော်ဝင်မိုးကြိုးမုန်တိုင်း
မဟာအိပ်မက်တဲ့ ရေလှိုင်းပြင်းထန် မင်းမသိဘူး
မီးလျှံသွေးသားပေါက်ကွဲ ပူလောင်နှလုံးသားဆိပ်ကမ်း
အဖြူရောင်တောက်ပ လောင်ကျွမ်းကွဲကြေ မင်းမသိဘူး

အိုး ... ရက်စက်တဲ့ နံရံကြား ခါးသီလွန်းတဲ့ ခေါ်သံများ

မင်းပေးတဲ့ မျက်ရည်ယန္တရား သွေးအေးတဲ့ မျက်ရည်ယန္တရား
မင်းပေးတဲ့ မျက်ရည်ယန္တရား ၀ါးမြိုလှုပ်ရှား

အဝေးမှာ စိတ္တဇညများ ရင်ကို ဆွဲယမ်းလှုပ်ရှား
အနာဂတ်လမ်းများ တိုက်စားခဲ့ပြီ မင်းမသိဘူး
ခရမ်းရောင် ငါ့ရဲ့ညများ ပျော်ဝင်အေးခဲ ပြိုကျ
ဂန္တ၀င်နေ့ရက်ရှည်များ ပဲ့ကြွေ မင်းမသိဘူး

မာတိကာ သို့ .....