အမုန်းမျက်လုံး

ကြာခဲ့ပြီ မင်းကိုချစ်ခဲ့ နှလုံးသားလေး လောင်ကျွမ်းလို့နေ
ငါဟာ ချစ်ခဲ့ဖူးတယ် တဖက်သတ်လားဟေ့
ဘယ်လိုလဲ မင်းရင်ထဲ အမုန်းတွေလား
ဘာတွေဖြစ်မလဲ ငါလှည့်ပြန်မသွားဘူး မင်းအမုန်းများ မီးလိုဟပ်
လိုက်ပါစေ ရင်ဆိုင်မယ်ဟေ့ ငါမှာ အမုန်းထက်ပြင်းတဲ့ပူလောင်တဲ့
အချစ်တွေနဲ့ တောက်လောင်ဆဲ

ရင်မှာစိုးမိုးနေ မင်းရဲ့ အကြည့်တွေ ငါပြန်တွေးတိုင်း
ကြင်နာတဲ့ အပြုံးများ မင်းမျက်လုံးမှာ ပျောက်နေ ပူလောင်တဲ့
အမုန်းများမင်းမျက်လုံးမှာ လောင်ကာတောက်နေ အကြင်နာအချစ်တွေကို
ကျွမ်းလောင်သွားမလား မင်းမျက်လုံးများ

ကြာခဲ့ပြီ မင်းကိုချစ်ခဲ့ နှလုံးသားလေး လောင်ကျွမ်းလို့နေ
ငါဟာလေချစ်ခဲ့ဖူးတယ် တဖက်သတ်အချစ်မျိုး
ဘယ်လိုလဲ မင်းရင်ထဲ အမုန်းတွေလား

ဘာဖြစ်ဖြစ် လှည့်ပြန်မသွားဘူး မီးများလား ဒါမင်းအမုန်းတွေ
ရင်ဆိုင်တိုးဟေ့ ... ငါ့မှာ အမုန်းထက်ပိုပြီးပူလောင်တဲ့
အချစ်တွေနဲ့ တောက်လောင်ဆဲ

မင်းရဲ့မျက်လုံးတွေ မင်းရဲ့မျက်လုံးတွေ
မင်းရဲ့မျက်လုံးများ မင်းရဲ့မျက်လုံးတွေ

မာတိကာ သို့ .....