ကလေးလို

မင်းဆိုးသမျှ မင်းပြုသမျှ ကိုယ်ဘယ်တုန်းက ငြိုငြင်သလဲကွာ
တခြားဘယ်သူမှ မင်းလောက်မချစ်တာ
ဘယ်နှစ်ကြိမ်ပြောမှ ယုံမှာလဲကလေးရာ

မင်းခိုင်းသမျှ မင်းတောင်းသမျှ ကိုယ်ဘယ်တုန်းက ငြင်းမိသလဲကွာ
အလိုက်တသိနဲ့ ပေးဆပ်ချစ်နေမှာ
အရာရာတိုင်းက မင်းအတွက်ပါ ကလေးရာ

ဝေးဖို့အကြောင်းများ မတွေးစမ်းပါနဲ့ ခွဲပြီးသွားဖို့ မကြိုးစားချင်နဲ့
ကလေးအတွေးတွေးပြီး လျှောက်လုပ်မနေနဲ့
ခွဲပြီးသွားဖို့ မကြိုးစားချင်နဲ့ ဟန်မဆောင်နဲ့ ... ကလေးလေးရယ်

ကလေးလေးလို နွဲ့ဆိုးဆိုးသူ မင်းနဲ့တွေ့တော့မှ
အရှုံးပေးကာ အနိုင်လည်းမယူချင်တော့

မာတိကာ သို့ .....