သံစဉ် - Elde
ဟန်မဆောင်နိုင်လို့ ဝေါ့အန်ချ
ဒီလည်မျိုထဲ ပြည့်ကြပ်လွန်းတဲ့ အပြင်းစားအချစ်များ
နာရီတွေလည်း ပဲ့ကြွေလို့
အကြိမ်ကြိမ်ပေါက်ကွဲ မွန်းကျပ်လွန်းတဲ့ စကားလှိုင်းတွေကြား
ငါခံနိုင်ဦးမလား အသေချာစဉ်းစားကြည့်စမ်း
ရင်ခုန်နိုင်ဦးမလား ဟိုမှာ အပြာရောင် နှုတ်ခမ်း
တော်ပါပြီ သွား ...
နေ့ရက်တွေကို စွန့်ခွာ ငါ့ခန္ဓာကိုယ်နားမှာ
ပြောင်းလဲနေတဲ့ အရိပ်ဟာ
ဘယ်အရပ်သို့ ခြေကလှမ်းမှာ/ ငါမသိတော့ပါ
မခံနိုင်တော့ဘူး ငါ့ဝိညာဉ်လည်း
နာကျင်ကြေကွဲ ပြုတ်ကျခဲ့တဲ့ ငါ့ရဲ့ဘ၀ပဲ
ဟိုလူနဲ့သွား မင်းပုံရိပ်များ
မြင်ပြန်ပြီလား ငါ့မျက်စိကို ဖောက်ထောက်ကာထား
မာတိကာ သို့ .....