အလင်းနှစ်များ

အချစ်ဆိုတာ ဘုရားကပေးတဲ့ ဆုလာဘ်လား ငါ့ရဲ့ ဘ၀နဲ့ မထိုက်တန်တာ
ငါ့ရင်ထဲ စောင့်စားခဲ့ရတဲ့ တေးသံလေး အခုထိလည်း ကြားခွင့်မရနိုင်ပါ

အလင်းနှစ်သန်းပေါင်းများစွာရယ် ဝေးလွန်းတယ်
ဘယ်တော့များ အချစ်စစ် တွေ့ရမလဲ
အလင်းနှစ်များစွာ ဝေးလွန်းတယ် ဘယ်တော့များ တွေ့ရမယ်
ငါဘယ်တော့များ တွေ့ရမလဲ

မှားသွားပြန်တယ် အချစ်လို့ပြောတဲ့ အချစ်တုများ
ဒဏ်ရာတွေသာ ချန်သွားခဲ့
အဆိပ်တွေလား အချစ်လို့ယုံမှားစွာ ငါသောက်ခဲ့
လူ့ဘ၀ကြီးက လှည့်စားလို့

အလင်းနှစ်သန်းပေါင်းများစွာရယ် ဝေးလွန်းတယ်
ဘယ်တော့များ အချစ်စစ်တွေ့ရမလဲ
အလင်းနှစ်များစွာရယ် ဝေးလွန်းခဲ့ ဘယ်မှာလဲ အချစ်စစ်
ကြယ်စင်တွေလို ဝေးလွန်းခဲ့ ငါလှမ်းမျှော်ဆဲ
ဘယ်တော့များ တွေ့ခွင့်ရပါ့မလဲ
အလင်းနှစ်များစွာ ဝေးလွန်းခဲ့/တယ် ဘယ်တော့များတွေ့ရမယ် ... အိုး ... ရေး

အချစ်ဆိုတာ ဘုရားကပေးတဲ့ ဆုလာဘ်လား ငါ့ရဲ့ဘ၀နဲ့ မထိုက်တန်တာ
အလင်းနှစ်သန်းပေါင်းများစွာရယ် ဝေးလွန်တယ်
ဘယ်တော့များ အချစ်စစ်တွေ့ခွင့်ရပါ့မလဲ မသိ

မာတိကာ သို့ .....