တစ်ယောက်တည်း

အချိန်တွေရယ် ကုန်လွန်လာခဲ့လည်း မင်းမရှိတဲ့ညတို့ ရှည်ကြာတယ်
မနေနိုင်တယ် အရောင်မှိန်နောင်တနဲ့ ဝေးခဲ့တဲ့ မင်းရဲ့ အကြင်နာရယ်
ကျော်လွန်ချိန်တွေကို ပြန်ရချင်တယ်
အို ငါငိုချင်တယ် ချစ်သူရယ် တစ်ယောက်တည်း

အချစ်ဆုံး နေနိုင်လား မင်းရက်စက်လွန်း
ချစ်ခဲ့တဲ့နေ့တို့ မေ့လိုက်ပြီလားချစ်သူ
အမှားများအတွက် ပြင်ဆင်နေဆဲမို့
ပြောင်းလဲခြင်း မပေးခဲ့နဲ့ဦး ပြောင်းလဲခြင်း မပေးခဲ့နဲ့ဦး

တခါတလေပါ ကိုယ်လေမိုက်မဲလွန်းခဲ့ မှားမှန်းလည်းသိလို့
ကိုယ်ပြင်မယ် အို ယုံကြည်ပါ ကြင်နာသူလေးခွင့်လွှတ်
မင်းလေးပဲ ကိုယ့်ဘ၀ စာနာနိုင်မယ် တစ်ချိန်မှာ ပြန်ဆုံချင်တယ်
ချစ်သူရယ် မင်းအတွက် ရှင်သန်နေမယ်
ဖြစ်မလာလည်း တစ်ယောက်တည်း အို .....

ပြောင်းလဲခြင်း မပေးခဲ့နဲ့ဦး ပြောင်းလဲခြင်း မပေးခဲ့နဲ့ဦး အချစ်ဆုံး

မာတိကာ သို့ .....