လွမ်းနေဦးမယ်

အိပ်လို့မရတဲ့ ညတစ်ခုလုံး ငါတလည်လည် အတိတ်မှာ
ကိုယ်ရောက်နေရာ အရပ်ကနေ အတွေးနောက်သို့ ပြန်လှည့်
မင်းမျက်ဝန်းလေး မမေ့နိုင်ဘူး အချိန်အတော်ကြာခဲ့တောင်
ရင်လှိုက်ခုန်အောင် အပြုံးလေးတွေ ငါမှတ်မိသေးတယ်

ပိုင်းခြားတတ်တဲ့ အသိဉာဏ်နဲ့ မဆင်ခြင်နိုင်တဲ့ အရွယ်
အချစ်ပဲ ထာဝစဉ် အရေးကြီးသလို တို့စိတ်က ထင်ခဲ့
အချစ်ထက် အရေးကြီးတဲ့ အရာများ ငါမမြင်နိုင်ခဲ့ပါ
စိတ်ကူးယဉ်စရာ အာလုံးဟာ လေထဲမှာ လွင့်ပြယ်

မနက်ဖြန်ဆိုတာ ရှိနေသေးသမျှ ချစ်ခွင့်ရှိသေးတယ်
တကယ်တမ်း ပိုင်ဆိုင်မယ့်နေ့ကို မမျှော်လင့်သောသူ
မင်းလေး ဘယ်ရင်ထဲမှာနေနေ ခွင့်လွှတ်နေမယ့်သူ/ စွန့်လွှတ်နေမယ့်သူ
ငါရဲ့အချစ်စိတ်ကတော့ အရာရာမှာ အရင်လိုပဲ

အချစ်ကလွဲပြီး ထပ်မလိုဘူး ငါဒီဘ၀ကြီးမှာ
ကျန်တဲ့အရာတွေ အားလုံးကို မင်း ဖျက်ပစ်လိုက်နိုင်တယ်
မင်းနဲ့ ပတ်သက်ခဲ့လေတဲ့ ဟိုအရင် အတိတ်ကို
ဒီအတိုင်း သယ်ဆောင်သွားပါရစေ ငါလွမ်းနေဦးမယ်

မာတိကာ သို့ .....