အလွမ်းရဲ့ သီချင်းတွေယူ

အဝေးကြီးလွင့်လို့ ကျန်နေတိမ်စိုင်များ ရင်ခုန်သံမှာ စီးမျောသွား
တမ်းတခြင်းတွေကိုယ်စား အလွမ်းနှင်ခရီး ချန်ခဲ့တော့ဟေ့
သောကနေ့များ ကိုယ်ယူဆောင်လာပြီ နေ့သစ်တို့
တကယ်ကို လှပခြင်းတွေနဲ့ လှမ်းလာပြီး .... ဟိုး .....

ပြန်ရှင်သန်မယ် တို့နှစ်ယောက်ရဲ့ဘ၀ ဟိုးတုန်းကလို အိပ်မက်ရင်း
ရင်ခုန်သံအဆုံး ..... မဝေး ..... ဟေး

ဆိုမယ်ကိုယ့်ရဲ့သံစဉ်တေး မင်းနှလုံးသားလေးမှာ ကိုယ်နားခိုရင်း
တို့ဝေးခဲ့ကြရတဲ့ အချိန်တွေလည်း အမြဲစောင့်လို့နေမယ် ချစ်သူရယ်
နာကျင်စေခဲ့သူ အလွမ်းရဲ့ သီချင်းတွေယူ

ဘ၀ရဲ့ လှိုင်းကြမ်းတွေကို ရင်ဆိုင်ရင်း ကိုယ်ပြန်လာပြီလေ မင်းရဲ့နံဘေး
မင်းရဲ့ အပြုံးတွေ အရင်အတိုင်း တမ်းတရင်း ထားရစ်ခဲ့ ဒီအချိန်ဒဏ်ရာများ
အကြင်နာတွေသာ ပေးဆပ်လို့ အဝေးက မင်းရင်ခွင်ဆီ အပြေးပြန်ပြီး

တို့ဆုံတွေမယ့်နေ့တွေအတွက် မျှော်လင့်သူရယ် ကိုယ့်ရင်ထဲ
နောက်ချိန်ဘယ်ခါမင်းနဲ့မခွဲ အိပ်မက်များစွာယူလာ အခု
ရင်ခုန်ကြင်နာတွေနဲ့ အတူ ... ဟူး
ဟိုအချိန်တွေလို မင်းလက်တွဲပြီး တိမ်တွေဆီကိုငေးကြည့်ရင်း
လေယူရာလွင့်မျောမယ် ..... ဟိုး ....

မာတိကာ သို့ .....