အိပ်မက်တစ်ခုပြဇာတ်တစ်ပုဒ်

နောက်ဆုံးနှုတ်ဆက်ချိန် ရောက်ပြီ မင်းနဲ့ငါ ရှင်ကွဲခွဲရင် နေရတော့မယ်
ဘာကြောင့်နင် ကျော်ခိုင်းသွားခဲ့တာ နားမလည်ပြီ
ဟိုတုန်းက ရှိခဲ့ဖူးတဲ့ ဘ၀နှစ်ခုဟာ ယှဉ်တွဲထားရင်း ပြိုကွဲသွားပြီ
ရင်ထဲမှာ ပြဇာတ်တစ်ပုဒ်ဟာ ဆုံးလေပြီ

ဒါတွေဟာ ပြန်စဉ်းစားတော့ အိပ်မက်တစ်ခု
မင်းအရိပ်တွေ အာရုံမှာ စွန်းထင်လို့နေလည်း
(အို) ပြန်ဆုံနိုင်မယ် အကြောင်းလည်း မရှိတော့ဘူး
ဒါတွေဟာ ပြန်စဉ်းစားတော့ အိပ်မက်တစ်ခု
မင်းနဲ့အတူ ပျော်စရာတွေပါ ဆုံးပါးခဲ့ပြီ
ငါရှင်သန်နေရာ ကမ္ဘာအမှောင်ထဲမှာ မင်းမရှိတော့ဘူး

ဟိုး ... အဝေးဆီကို တကယ်ဝေးပြီ
တို့ ပြန်ဆုံမယ် မမျှော်တော့ဘူး
အိပ်မက်တစ်ခုဟာ လွင့်ပြယ်ပြီ အရာရာကုန်ဆုံးပြီ
ဘယ်အချိန်မှာ ပြန်ရှင်သန်ဦးမလဲ ဘယ်အချိန် ပြန်မက်ဦးမလဲ
အိပ်မက်တစ်ခုဟာ အိပ်မက်ပဲ အရာရာ လွင့်ပြယ်ပြီ

မာတိကာ သို့ .....