အမှတ်မရှိ

သတိလက်လွတ် ပြောထွက်မိတဲ့ စကားလုံးများမှား
အလိုက်မသိတဲ့ မင်းရဲ့ အပေါင်းအသင်း အားလုံးဝိုင်းဟား
အမှုန့်ကြိတ်ပစ်တော့မယ့် အကြည့်နဲ့ မင်းကလှည့်ကြည့်
စိမ်းကားတော့မယ့် မင်းရဲ့အကြောင်းများ သိလိုက်ရမိ
အိုး ..... ငါ့ပါးစပ်ကိုပိတ်ပေး !!!
မင်းမကြိုက်ပေမယ့်လည်း ပြောထွက်နေမိဆဲ
အကောင်းစားကော်ဝယ်ပြီး ငါ့ပါးစပ်ကိုပိတ်လိုက်
ရင်ဘတ်ထဲက ချစ်တဲ့အကြောင်းများ ဖောက်ထုတ်လိုက်ဖို့
နှုတ်ခမ်းဖျားက ထွက်တဲ့စကားများ ထိန်းချုပ်ခက်လို့
လည်ပင်းထညှစ်တော့မယ့် အကြည့်နဲ့ မင်းကလှည့်ကြည့်
စဉ်းစားထားတဲ့ ချစ်တဲ့အကြောင်းများ ထပ်လို့ပြောမိ
အိုး ..... ငါ့ပါးစပ်ကိုပိတ်ပေး
မင်းမကြိုက်ပေမယ့်လည်း ပြောထွက်နေမိဆဲ
အကောင်းစားကော်ဝယ်ပြီး ငါ့ပါးစပ်ကိုပိတ်လိုက်

မာတိကာ သို့ .....