အမောပြေ

အချစ်ရှာသူလည်း မောနေပြီ လွမ်းမျက်ရည် အိပ်မက်ပုလဲလိုစီ
ဆုံးရှုံးမှာ ရင်ထဲတွေးရင်းနဲ့ မင်းအပေါ်မှာ စွဲလမ်းနေ

စိတ်ကူးယဉ် ဘ၀လေး မင်းအနိုင်ယူ အချစ်စစ်ကို စာဖွဲ့မပြောချင်ဘူး
ငါ့ယုံကြည်ချက်မပြောင်းလဲဘူး အချစ်ယုံပါ နင်သိရဲ့လား

မောပြီ အချစ်ဆုံးလေး နားခိုခွင့်လေးပေး
အရိပ်လို အချစ်များလည်း ပေးနိုင်ပါစေ မင်းလေး အမောပြေ
(အချစ်ဆုံးလား ..... ချစ်ဦးမလား)
မင်းကို အချစ်ဆုံးပဲ အသည်းကိုလာနှိပ်စက် အဝေးကိုထွက်မသွားနဲ့
ချစ်နိုင်ပါစေ မင်းလေး အမောပြေ

တစ်ချိန်ချိန် မေ့ပစ်လိုက်မှာ ငါ့နှလုံးသားလေး စိုးရိမ်
နင်ပျော်ပါစေ ဆုတောင်းရင်းနဲ့ ခံစားပြီး ချစ်နေမယ်

မင်းအချစ်တွေ နောက်ဆုံးခါးသက်မလား ငါ့သိက္ခာတွေလည်း စွန့်လိုက်ရမလား
ညစဉ် ငါတွေး မင်းစိတ်ကြောင့်မောတာလား ငါမောသွားမလား
အချစ်ကိုရှာတော့ တွေ့နေပြီ ငါ့စိတ်တွေ နင်ပဲ စိုးမိုးနေပြီ
ပေးဆပ်သူရင်ထဲ မောပန်းရင်း ချစ်ရမလား (နင်သိရဲ့လား)

(နင်သိဖို့တော့ ကောင်းတယ်) (မရက်စက်နဲ့ ချစ်သူ)
(မမုန်းရဲဘူးနင့်အပေါ်) (အရှုံးပေးရင်းချစ်မှာ)

ငါ့ဘ၀မှာ အချိန်တိုင်း မင်းလေးက အရိပ်လိုပဲ အမြဲတမ်း အမောပြေ

မာတိကာ သို့ .....