စိတ်နာတယ်

ကဲ ... လိုက်ခဲ့ဦး အချိန်လေးရှိတုန်း ဆွဲပြီးတော့ ပြန်ချစ်ပါဦး
ပထမတော့ စိုတဲ့မျက်လုံး နောက်ဆုံး ပြန်ပြီး သုတ်ပေးပါဦး
စိတ်က လွတ်ထွက် အချစ်သက်သက်မျှော်သူ
အားလုံးနောက်ကျ ဆောရီးပဲ

မီးထွန်းပြီးတော့ ဟိုနားဒီနား နောက်တစ်ယောက်ထပ်ရှာဦးမှာလား
ရူးတဲ့ကောင်လို့ နင်သက်မှတ်ထား ငါ ချစ်ပေမယ့် အကုန်လုံးအလကား
ပေးခဲ့တဲ့ မင်းအချစ်ဒုက္ခပြန်ယူ ပေးခဲ့တဲ့ မင်းချစ်ဒုက္ခ

စိတ်နာတယ်ပြောရမှာလား ကျိတ်ကာရင်မောတဲ့ အလွမ်းဖျား သိပ်ကြာပြီ
နေ့ရက်အသေများ စိတ်နာတယ် မင်းအတွက် ငါ့ဘ၀ (လွမ်းစရာမရှိပါ)

ပြေးရင်းလွှားရင်း လွမ်းဆွေးခြင်း တည့်တည့်တိုးတယ်
ငါ ရှောင်ဖယ်ကာ ထွက်ပြေးလည်း စိတ်နာတယ်ပြောရမှာလား
ကျိတ်ကာရင်မောတဲ့ အလွမ်းဖျား (ဒါအလွမ်းဖျား)

မိုးမလင်းလည်း လစ်တုန်းလေတုန်း ငါ့ဘ၀က လွင့်မျောပျောက်ဆုံး
လောကဓာတ်နဲ့ ကယ်စမ်းပါဦး စုတ်ပြဲနေဆဲ ရေမြှုပ်ရေမျော
စိတ်ကလွတ်လွတ် အချစ်သက်သက်မျှော်သူ အားလုံးနောက်ကျ ဆောရီးပဲ

ဝိုး ... အချစ်ရူး ... ရေ

မာတိကာ သို့ .....