ကျေးဇူးပြုပြီး

ငါ့ရဲ့လမ်း ခြေဦးတည့်ရာ အဝေးကိုပဲ အမြန်ဆုံးထွက်ခွာ
ဒါဆို မင်းပျော်မလား မင်းပြန်ချစ်ဖို့ ကြိုးစားတာ
ငါ့ရဲ့ အမှားလို့ပဲ ပြောမလား ငါသာ လှည့်ပြန်သွား

ကျေးဇူးပြုပြီး ငါ့ကို မင်းရဲ့ အရင်တစ်ယောက်နဲ့ ပြန်မတွဲပြပါနဲ့
ကြိုပြီးတောင်းပန်တယ်
မင်းနဲ့ ငါနဲ့ တွေ့ရင် မုန်းတဲ့ မျက်လုံးများကို လွှဲမပစ်ပါနဲ့
ငါကြိုပြီး တောင်းပန်တယ်
ငါ့မျက်လုံးတွေထဲ မင်းဟာ သိပ်လှလွန်းနေတော့ ပြဿနာ
အလိုလို ရှုံးနိမ့်သွား

ကျေးဇူးပြုပြီး ငါ့ကို ရိသဲ့သဲ့ စကားနဲ့လာ မတိုက်ခိုက်ပါနဲ့
ငါကြိုပြီး တောင်းပန်တယ်
မင်းနဲ့ငါနဲ့ အကြောင်းကို အကောင်းစား ဟာသတစ်ခုလို့ ပြောမပြပါနဲ့
ငါကြိုပြီး တောင်းပန်တယ်

မာတိကာ သို့ .....