ဘာလာလာ

မနေ့ညတုန်းက ချစ်သူရတယ် အိပ်မက်ထဲမှာ သံသရာမှာ
စိမ်းခဲ့သူလေး အလန်ကွာတာမိန်းနဲ့ ယူပြီးပြေး
အချစ်ကံဆိုးက ငါ့ကို ထိုးတယ် ကြိုးဝိုင်းထဲမှာ
ဘယ်ညာလက်သီးချက်တွေထဲ ဘယ်ရွာမှာ သူကြီးသမက်ဖြစ်မလဲတွေး

မြို့သူတောသူ သဘောတူမယ့်လူ အကြောင်းကြားကြပါ
ကြော်ငြာမှာ လက်ဖက်ထုတ်ထည့်ကမ်း
တော်ရာမှာ သမက်လုပ်မယ့်လမ်းရွေး
အယုတ်ရယ် အလတ်ရယ် အမြတ်တင်မက ယောက္ခမရွေးပါ
ဘယ်သူပါပါ ဘာမှကိုမငြီး ငါယူစရာ မယားရဖို့ အဓိကပဲ

နားလည်ကြပါ မင်္ဂလာဆောင်သွားကြ ကျွန်တော်သာကျန်ခဲ့ရ
လူတကာစွံသွားကြ ကျွန်တော်သာ ဘယ်သူမှမရ

အမူးပြေလေးတောင် ငါ့မှာ ရှူစရာ ရည်းစားမရတော့
နေညိုရင် ရူးပြီးတော့ကဲ အပျိုမြင်ရင် မူးပြီးတော့လဲကွဲ
လူကြားလို့ကောင်းအောင် ပြောတဲ့စကားက
သမုဒ္ဒယမီးကို အလောင်ခံကာ အမှားပြုရန်မရှိ
နောင်သံသရာ ဘုရားဆုပန်ပြီးနောက်

တကယ့်စိတ်ထဲမှာရှိတာပြောမယ် မရလို့ပေါ့ဗျာ
လူမှန်ရင် ငတုံးများနဲ့ရှင်း လူမှန်ရင် နှလုံးသားနဲ့ မကင်းပါဘူး
ကားတွေ ဖုန်းတွေ သူများလို သုံးတောင် လုံးဝမရပါ
ဘယ်ဂြိုလ် ဘယ်နက္ခတ် ခိုက်လဲ
ဘယ်အပျို ငါ တစ်ဖက်သတ် ကြိုက်မလဲ တွေး

မာတိကာ သို့ .....