တို့အတူ

ခွဲမသွားပါနဲ့ ငါမင်းအတွက် ပေးဆပ်နေမယ်
ငါလေ သိပ်ချစ်လို့ မင်းလေး ငါ့ကို ထားခဲ့သော်လည်း

ခွင့်လွတ်နိုင်တယ် ဒါ ငါ့ရဲ့ အချစ်စိတ်တွေပဲ
ဒီလို တစ်ဖက်သတ်နဲ့ မင်းရဲ့အချစ်ကို တောင့်တနေဆဲ

တို့အတူ ဘုရားကျောင်းကြီးထဲမှာ ကတိပြုခဲ့တဲ့
လက်ထပ်ဖို့အထိ အတူ ခေါင်းညိတ်ခဲ့
တို့အတူ ကြမ်းတမ်းတဲ့ဘ၀ကို နင်းလျှောက်ပြီးတော့
နူးညံ့တဲ့ အချစ်တစ်ခုကို မွေးဖွားဖြစ်ခဲ့/ အတူနေချိန်ဟာ ကုန်လွန်ခဲ့

ရူးမိုက်စွာနဲ့ ငါမင်းအတွက် အသင့်ရှိနေမယ်
ဘာမဆို မင်းသဘောအတိုင်း မင်းရဲ့အကြိုက်တွေ ငါ ခေါင်းညိတ်နေမယ်

ကြိတ်မှိတ်ခံမယ် ဘယ်လောက်ထိ ရက်စက်နိုင်မလဲ
ငါဟာ မင်းတစ်ယောက်အတွက် ငါ့ရဲ့ အသက်ကို စတေးခဲ့ပြီပဲ

ငါမင်းနဲ့ အတူလက်တွဲရင်း အတူပျော်မြူးရင်း
အသက်ရှင်မယ် အသက်ရှင်မယ် စဉ်းစားတိုင်း ငါ့စိတ်တွေကြေကွဲ
နင်မရှိတော့တဲ့ ဒီအခန်းလေးဟာ အရောင်ပြောင်းရင်း
အထီးကျန်တယ် အထီးကျန်တယ် စဉ်းစားတိုင်း ငါ့စိတ်တွေ ကြေကွဲ

မာတိကာ သို့ .....