ငါ့အပြစ်နဲ့ငါ

မတွေးတတ်ဘူး ဘယ်လိုပြောရမလဲ
အရင်လို နီးစပ်ဖို့မှ မဟုတ်တာ ဝေးသွားရမယ့်အကြောင်းတွေ
မင်းနဲ့တို့ ပြေလည်တဲ့အတိုင်းအတာရောက်မှ
ငါတို့ ရူးသွပ်ခဲ့တဲ့အဖြစ်တွေ လက်လွတ်ဖို့အတွက် ပြောင်းနေ

လမ်းခွဲရမယ့် အနမ်းတွေ ငါအတွက် ခံနိုင်စွမ်းလုံးဝမရှိလို့
တိတ်ဆိတ်ခြင်းနဲ့ မင်းအနားက ငါလေ အဝေးဆုံးကို ထွက်သွားပါရစေ

ပြောဖို့စကားလုံးတွေ နာကျင်မှာစိုးလို့
တစ်ယောက်တည်း ဒီရင်မှာ ငါသိမ်းထားတာ
မင်းလေး မသိနိုင်အောင် ဟန်ဆောင်နေရလို့
နေ့တိုင်း အချိန်တွေတိုင်း ကြေကွဲလည်း

ဟိုးတုန်းက အဆင်မပြေတဲ့ အခိုက်မှာ
ငါ မှားယွင်းခဲ့တဲ့အပြစ်တွေ ခွင့်လွတ်ပေးခဲ့ဦးလေ
ဆက်ချစ်ဖို့ အခြေအနေ မပေးတော့လည်း
ငါမင်းရဲ့ အဝေးဆုံးက ပြန်နီးရဖို့ကို ဆုတောင်းဆဲ

ပေးထားခဲ့တဲ့ ကတိတွေပျက်ကာ အရာရာ ငါဆက်ကာမှားခဲ့
မင်းအတွက် တစ်စက်မှ မကောင်းတဲ့ငါ့ကို
တန်ပြန်မုန်းပစ်လို့ နင် မေ့လိုက်ပါ

လမ်းခွဲရမယ့်စကားတွေ / အနမ်းတွေ ငါ့အတွက် ရင်ဆိုင်နိုင်စွမ်းလုံးဝမရှိလို့
သွေးပျက်ခြင်းနဲ့ မင်းရဲ့အနားက ငါလေ အဝေးဆုံးကို ထွက်သွားပါရစေ

မာတိကာ သို့ .....