အမျိုးသားစစ်ချီ (၂)

(ငါတို့မြန်ာရဲရင့်သည်)၂ ရဲဂုဏ်ရည် ရဲစိတ်ရဲမာန် ထက်သန်နေပါမည် ရဲဇာနည်လာပြီ ရဲစစ်သည် ညီစေပွဲမရှောင် အောင်လံချီ အရှေ့တိုင်းဌာနီ တို့ဝါဒသည် တို့မျိုးဆွေကို တို့ချစ်မည် မဟာမိတ်ကို သာတို့ချစ်မည် မတရားသူကိုသာ တို့နှိမ်နှင်းကာ ရှင်းဖယ်နေပါပြီ ရဲဇာနည် လာပြီ ရဲစစ်သည် ညီစေ ပွဲမရှောင် အောင်လံချီ တို့ခေတ်သစ်မှာ တို့စစ်တိုက်မည် နေရောင်အလင်းနဲ့ စစ်ခင်းလာပါပြီ….

မြဲမြဲသတိကိုယ်စီ တို့ဗမာစစ်သည် ရဲရဲတို့ခေတ်မှာပင် တို့သာ စစ်တိုက်မည် (မျိုးရိုးဘိုးဘေးစဉ်လာ တို့ဗမာဂုဏ်ရည် ဇာတိသွေးကို မွေးခဲ့သည် အသေခံရဲတဲ့ ဇွဲနဲ့ညီ အမြဲပဲ တိုက်မည် ခိုက်မည် စစ်တိုက်မည် သေပေစီ ကြေပေစီ ရန်ကို ဘာမထီ)၂ ရှေ့ကိုသာပင် တိုးကာ ငါတို့ချီ…….။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။