မြန်မာလူထု သွေးစည်းရန်

(ဗမာလူထုကို အကျိုးမြှော်ကြံ နှိုးဆော်ပြန်ရ ဂုဏ်ယူစရာ အတည်)၂ တို့ဗိုလ်ချုပ်အောင်ဆန်းဟာလေ နည်းလမ်းပေးခဲ့သည် (ဆူပူသူ နှိမ်နင်းပေးမည် သွေးစည်းကြလို့ တို့ညီအစ်ကိုသည်)၂ စွဲသလောက် ယုံကြည် ပဲရောက်ကုမ္ပဏီ လွတ်လပ်ရေးကို တို့ဗိုလ်ချုပ်က ဆောင်ရွက်ခဲ့ပြီ ညှိုးနွမ်းသူတွေ အရေးထဲမှာ သွေးမခွဲစေချင်သည်

အာဏာတွေကို သိမ်းပိုက်ရန် အလုပ်ရယ် တကယ် လွတ်လပ်အောင်ကွယ် နည်းလမ်းရှေ့ဆောင်ခဲ့ပြီ ရုပ်ရှင်နမူနာပြကာ အကြမ်း အရမ်းနဲ့ အံ့မခန်းနိုင်အောင် ရှင်းပြလေသည်

(လွတ်လပ်ရေးဖြင့် လိုချင်ပါပြီ ဗမာလူထုတွေ သွေးစည်းကြတော့မည်)၂ တိုင်းပြည်လွှတ်တော်ထဲမှာ ပဲရောက် ရုပ်ရှင်ဗိုလ်ချုပ်သည် ရှင်းလင်းဖို့ အချိန်ရောက်ပြီ နည်းပေးလမ်းပြရိုက်ကူးသည် အကဲခတ်မယ့် ဗမာတွေ ဇာတ်လိုက်တွေစုံညီ တစ်ဖုံစီခြား ကုမ္ပဏီများရယ်က စံချိန်မမီ ပဲရောက်ဖလင်က ရိုက်တဲ့ ဗိုလ်ချုပ်အမည်…………..။


Parror= ပဲရောက်

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။