မယ်ဗမာ

(မယ်ဗမာတွေ ဆိုတာကတော့ လှပါပေတယ် ချောပါမေတယ် ရွှေမန်းမယ် ပျိုနှမ ချစ်ချင်ဖွယ် ကြိုက်ချင်ဖွယ်)၂ (ကြားဖူးလိမ့်မယ် မြင်ဖူး ကြားဖူးမယ် ရွှေတိုင်မယ်)၂ ကျန်းမာရေးကိုသာကွယ် လေ့ကျင့်ကြတဲ့မယ်လို့ရယ် မယ်ထားဝယ် ထီလာမယ် ကမ္ဘောဇမယ် အားလုံးမောင်ကပယ် မြေလတ်ရွှေ တောင်ကြီးမယ် ဖြူဖြူဖွေးဖွေး အလေးကြော ပေးလိုက်မယ်

အို ပိုလွန်တယ် ရှက်စဖွယ် မနှိုင်းသင့်တယ် တိုင်းခွင် မြန်မာပြည်ကြီးမယ် မနှိုင်းသင့်တယ် အမျိုးသမီးများစွာ ၀င်ကြတယ် မယ်ဗမာလည်း ချောလည်းချောလှတယ်

(ခြားနားလေတယ် ရွှေမြိုင်မယ်လည်း ရှိသေးတယ် များပြားလေတယ် ဇေယျာမယ်လည်းရှိသေးတယ်)၂ မစ်(ခ်)အမေရိကာ အမေရိကာလည်း တွေ့မြင်ဖူးတယ် မစ်(ခ်)အင်္ဂလန် ဟော်လံလည်းပဲ တွေ့မြင်ဖူးတယ် (ကမ္ဘာပေါ်တွင်ပြိုင်ပွဲဝင်သူ များပြားလေတော့တယ်) မောင်ကြင်သူဝင်ကာနွှဲရင်တော့ အကဲသာလို့ ပိုချင်ပိုမယ် ခြေတွေများဝယ် ဟင်္သာအလေးပိုတယ်

အို ပိုလွန်းတယ် …………….ချောလှတယ်.။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။