ဖန်နေဝန်း စစ်ချီသီချင်း

ဖန်နေ၀န်းသို့အညီ ထွန်းလင်းပြောင်နေပြီ ဒါတို့တိုင်း တို့ပြည် တို့ကာကွယ်မည် ထူးမြတ်တဲ့ တို့တိုင်းပြည် ကျုပ်တို့ရဲ့ လူမျိုးဂုဏ်လည်း ပိုင်ရမည် သေပေစေ(စီ) ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည် ဗမာတွေ ကြိုးစားလာပြီ အမျိုးသား စစ်သည် သေပေစေ(စီ) ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည် ခိုက်မည်….

တပ်မတော်ကြီးလည်း ချီလာပါပြီ အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ ဗမာအာဇာနည် ကမ္ဘာမှာတာရှည် ခိုင်မာအောင်သာ ငါတို့ကြံဆောင်မည် အောင်ပြီ….

အာရှတိုက်သည် တို့တိုင်းတို့ပြည် စည်းရုံးပြီး ဆောင်ရွက်ကာ တို့ကာကွယ်မည် ခွန်အားနဲ့ညီ စွန့်စားခဲ့သည် ရဲသွေးနဲ့ သေမင်းကို သစ္စာနှံမည် ဗမာမှန်လျှင် သတ္တိရှိသည် သဲသဲမဲမဲ ဇွဲနဲ့ တိုက်မည် ဗမာပြည်ကို တို့စောင့်ရှောက်မည် အသက်နဲ့လဲမယ့် ရဲဘော်စစ်သည် မျိုးရိုးအာဇာနည် စစ်ကိုလည်း အမြဲတိုက်ရသည် ဗမာပြည်ကို တို့စောင့်ရှောက်မည် အသက်နဲ့လဲမယ့် ရဲဘော်စစ်သည်…..

တပ်မတော်ကြီးလည်း……………………..အောင်ပြီ………..။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။