အလှူတော်မင်္ဂလာ

(ကုသိုလ်အမျိုးမျိုး ပြည့်စုံစွာ စေတနာရွှင်လန်း ခမ်းခမ်းနားနား လှူတာတွေဟာ)၂ ကျောင်းကန်ဘုရားတွေ ဇရပ်ပါမကျန်ရ မှတ်စရာ အနန္တ မဂ်လမ်းကိုဖောက် တည်ဆောက်ခဲ့တာ အဲသည်ကုသိုလ်မျိုးဟာ လူ့ပြည်မှာ အသရေမချို့ တစ်ခုစီသာ ရေလို့မကုန်ဆုံးနိုင်ဘူး အထူး မှတ်ပါ ပဗ္ဗဇ္ဇိတ ဒုလ္လဘနဲ့ မင်္ဂလာယူကာ ဘ၀င်မြူးစရာလည်း အထူးပင်မှတ်ပါ ရှင်ပြုတာလည်း ကုသိုလ်ပွားများတာ

(သုံးဆယ့်တစ်ဘုံမှာ တည်ရှိတဲ့ ဝေနေယျာ ဤသို့ပြုတဲ့ စေတနာ ကောင်းမှူတွေဟာ အဖြာဖြာ)၂ သဒ္ဓါရှုမျှော်စေရာ သာဓုခေါ်ပေတာ လူ့ပြည်ပါ နတ်ပြည်ပါ ဗြဟ္မာပြည်ပါ အမျှဝေကာ နိဗ္ဗာန်ကို သာမှန်း တကယ်လှူဒါန်းပေတာ

(သဒ္ဓါရွှင်လန်း မဂ်လမ်းကိုရည်ရွယ်ကာ ကြည်လင်စွာ စိတ်အေး ချမ်းသာ နိဗ္ဗာန်နန်းကို မှန်းမျှော်ကာသာ အလွန်ပင် ကြုံကြိုက်ခဲ့တဲ့ ပဗ္ဗဇ္ဇိတမင်္ဂလာယူကာ အထူးပင်ချစ်တဲ့သားကို ဘုရားအမွေခံစေရာ)၂ (သီရိဓမ္မာ အသောကာ ထင်ရှားစွာ စိတ်ဝင်စားခဲ့လေသလား အလှူ့ ရှင်တွေမှာ)၂ မင်္ဂလာယူကာ သောင်းဒီပါလုံးမှာ စိတ်အေားကြည်လင်စွာ အလှူတော်ကြီးလည်း အောင်မြင်ပါပြီဗျာ..

သုံးဆယ့်တစ်ဘုံမှာ…………………….. လှူဒါန်းပေတာ……။

ဤသီချင်းစာသားကို ကူးယူဖော်ပြခွင့်ပေးသော Facebook မှ ခေတ်ဟောင်းတေးများ (စစ်ကြိုခေတ်မှ ၁၉၄၈အထိ) အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။